The Ballad of Buster Scruggs FHD

The Ballad of Buster Scruggs

Comedy Drama Western FHD 2018-11-09 7.1 132 Min

ဒီကားလေးကတော့ အမေရိကန် ပြည်တွင်းစစ်ကြီး ပြီးခါစ တောရိုင်းအနောက်ပိုင်းခေတ် (Old West) မှာ ဖြတ်သန်းနေကြတဲ့ လူခြောက်ယောက်ရဲ့ မတူညီတဲ့ ဇာတ်လမ်းတိုလေးတွေကို တစ်ကားတည်းပေါင်းပြီး ရိုက်ပြထားတာပါ။ဇာတ်လမ်းထဲမှာ သေနတ်ပစ် အရမ်းကျွမ်းတဲ့ အဆိုတော်တစ်ယောက်၊ ဘဏ်ဓားပြ ဖြစ်ချင်နေတဲ့ လူတစ်ယောက်၊ နယ်လှည့်ဖျော်ဖြေရင်း ပင်ပန်းနွမ်းနယ်နေတဲ့ သရုပ်ဆောင်နှစ်ယောက်၊ တစ်ယောက်တည်း ရွှေလာရှာတဲ့ သူတစ်ယောက်၊ မသေချာတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ အနောက်ပိုင်းကို ခရီးထွက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့၊ ရထားလုံးတစ်စီးပေါ်မှာ အတူတူ ခရီးသွားနေကြတဲ့ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ ခရီးသည်တစ်စုတို့ရဲ့ အကြောင်းတွေကို အပိုင်းလေးတွေခွဲပြီး ပြသသွားမှာပါ။ မတူညီတဲ့ ရသမျိုးစုံကို ဇာတ်လမ်းတစ်ကားတည်းမှာ အပိုင်းလိုက်လေးတွေ စိတ်ဝင်စားစရာ ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။