ဒီကားလေးမှာက အကြီးအကျယ် ပစ်ခတ်မှုကြီးတစ်ခု ဖြစ်ပြီးတဲ့နောက်၊ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ထူးဆန်းတဲ့လူတစ်ယောက် သေလုမြောပါး ဒဏ်ရာတွေနဲ့ ဆေးရုံတစ်ခုကို ရောက်လာတာကနေ ဇာတ်လမ်းစထားတာပါ။ သိပ်မကြာခင်မှာပဲ နိုင်ငံခြား ဒုစရိုက်ဂိုဏ်းတစ်ခုက သူ့ကို လိုက်သတ်ဖို့အတွက် အဲ့ဒီဆေးရုံအထိကို ပြောင်ပြောင်တင်းတင်း ဝင်စီးပါတော့တယ်။ အဲ့ဒီဆေးရုံက ပစ်ခတ်မှုကြီးအတွင်းမှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျက်မြင်သက်သေ သူနာပြုမလေးကို FBI ကနေ စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာတော့... နိုင်ငံတကာနဲ့ ချိတ်ဆက်နေတဲ့ လျှို့ဝှက်ကြံစည်မှုတွေ၊ ကလဲ့စားချေမှု ဇာတ်ရှုပ်ကြီးတွေကို တစ်စတစ်စ ဖော်ထုတ်တွေ့ရှိလာရပါတော့တယ်။ ဒီလို အန္တရာယ်တွေကြားထဲကနေ ဘယ်လိုတွေ ရုန်းထွက်ပြီး အမှန်တရားကို ရှာဖွေသွားမလဲ ဆိုတာကို အက်ရှင်အကြမ်းစားနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။