My Love FHD

My Love

Drama Romance FHD 2021-04-30 7.3 115 Min

ဒီကားလေးကတော့ ရေကူးအားကစားသမားလေး ကျိုးရှောင်ချီ (Zhou Xiao Qi) နဲ့ ကျောင်းပြောင်းလာတဲ့ ကောင်မလေး ယိုယုံချီ (You Yong Ci) တို့ နှစ်ယောက်ကြားက ၁၅ နှစ်တာ အချစ်ခရီးလမ်းကို ရိုက်ပြထားတာပါ။ အထက်တန်းကျောင်းမှာတည်းက ကျိုးရှောင်ချီတစ်ယောက် ယိုယုံချီကို မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့တာလေ။ ငယ်ရွယ်နုနယ်ပြီး ဖြူစင်တဲ့ အချစ်လေးနဲ့ ကောင်လေးက သူ့ကို တိတ်တိတ်လေး စောင့်ရှောက်ပေးနေခဲ့ပေမယ့်၊ တစ်နေ့မှာတော့ ကောင်မလေးက နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်သွားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း သူတို့ရဲ့ ဘဝတွေမှာ ၁၅ နှစ်တိုင်တိုင် ရှည်လျားတဲ့ အချစ်ခရီးကြမ်းကြီးကို ဘယ်လိုတွေ ဆက်ဖြတ်သန်းကြမလဲ ဆိုတာကို ပြသထားတာပါ။ "မင်းရဲ့ မင်္ဂလာဆောင်က ငါ့အတွက်တော့ လူကြီးတစ်ယောက်အဖြစ် ရင့်ကျက်သွားစေတဲ့ လက်ဆောင်တစ်ခုပါပဲ" ဆိုတဲ့ စာသားလေးအတိုင်း... သူတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာကို လွမ်းမောဖွယ်ရာ ရင်ခုန်စရာလေး ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။