ဒီကားလေးမှာက အော့ခ်နီ (Orkney) ဆိုတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အိုင်းစလာ (Isla) နဲ့ ဆန်ဒီ (Sandy) ဆိုတဲ့ မောင်နှမနှစ်ယောက်က ပင်လယ်ငှက်တွေကို ဖမ်းဆီးစားသောက်ရင်း၊ သူတို့ဘိုးဘေးတွေရဲ့ ပုံပြင်ဟောင်းတွေကို ပြန်ပြောရင်း၊ ပြီးတော့ သူတို့ကျွန်းကို လာနှောင့်ယှက်တတ်တဲ့ ကြောက်စရာကောင်းတဲ့ "ကျူးကျော်သူတွေ" (Incomers) ရဲ့ ရန်ကနေ ကာကွယ်ရင်းနဲ့ အသက်ရှင် နေထိုင်ကြတာပေါ့။ဒါပေမယ့် သူတို့ရဲ့ အေးချမ်းတဲ့ ကမ္ဘာလေးက တစ်နေ့မှာတော့ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ အကြောင်းကတော့ သူတို့ကို သူတို့ရဲ့ ဇာတိမြေကနေ အတင်းအဓမ္မ ဖယ်ရှားဖို့အတွက် ရောက်လာတဲ့ အစိုးရကောင်စီက ဝန်ထမ်းတစ်ယောက်ကြောင့်ပါပဲ။ ဒီလိုနဲ့ သူတို့မောင်နှမနှစ်ယောက် သူတို့ရဲ့ ကျွန်းလေးကို ဘယ်လိုတွေ ဆက်ပြီး ကာကွယ်ကြမလဲ၊ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။