ဒီကားလေးမှာက ကိုယ့်ကလေးကို အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် မိခင်တစ်ယောက်ရဲ့ အသည်းအသန် အော်ဟစ်လိုက်သံကနေ ရှေးဟောင်း တားမြစ်အစီအရင်တစ်ခုကို နိုးထသွားစေရာကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီနောက်မှာတော့ ကြောက်မက်ဖွယ်ရာ လူသတ်မှုကြီးတစ်ခုကို ဖုံးကွယ်လိုက်တဲ့အခါ၊ မြေကြီးအောက်မှာ မြှုပ်နှံထားတဲ့ အဲ့ဒီလျှို့ဝှက်ချက်ကြီးက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း အမြစ်တွယ်လာပြီး ပိုပြီးကြောက်စရာကောင်းတဲ့ အမှောင်စွမ်းအားကြီးတစ်ခု အဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ထူးဆန်းတဲ့ သေဆုံးမှုတစ်ခု ဖြစ်ပွားလာရာကနေ ကြာရှည်စွာ ဖုံးကွယ်ထားခဲ့တဲ့ အပြစ်ကြီးဖြစ်တဲ့ "The Seal of Bloodline" ဆိုတာကြီး ပြန်လည်ပေါ်ပေါက်လာတဲ့အခါ... ကြောက်မက်ဖွယ်ရာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ထိတ်လန့်ရင်ဖိုစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။