ဒီကားလေးမှာကတော့ တိတ် (Tate) ဆိုတဲ့ ဇာတ်ကောင်က သူ့ရဲ့သူငယ်ချင်း သေဆုံးသွားရတဲ့အတွက် ကလဲ့စားချေဖို့ ကြိုးစားရင်း၊ အီဘီဇာ (Ibiza) ကျွန်းတစ်ခွင်မှာ သွေးအေးရက်စက်တဲ့ ကြေးစားစစ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရမယ့်အကြောင်း ရိုက်ပြထားတာပါ။အောင်မြင်မှုရရှိထားတဲ့ အင်ဒီ (independent) မှုခင်းဇာတ်လမ်းတွဲတွေထဲမှာမှ ဒီကားက ပမာဏအကြီးကျယ်ဆုံးနဲ့ အက်ရှင်အခန်းတွေ အကြမ်းစား အများဆုံး ပါဝင်လာမှာမို့လို့၊ အက်ရှင်ကား ကြိုက်တဲ့သူတွေအတွက်တော့ အမိုက်စား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။