Primal Fear FHD

Primal Fear

Crime Drama Thriller FHD 1996-04-03 7.66 130 Min

ဒီကားလေးမှာက အမှန်တရားထက် ငွေနဲ့ ဂုဏ်သိက္ခာအတွက်ပဲ အမှုလိုက်ပေးလေ့ရှိတဲ့ ရှေ့နေကြီး မာတင် ဗေးလ် (Martin Vail) အကြောင်းကို ရိုက်ပြထားတာပါ။ တစ်နေ့တော့ ချီကာဂိုမြို့က ဂိုဏ်းချုပ်ဘုန်းတော်ကြီးကို ရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ဘုရားကျောင်းက လူငယ်လေးတစ်ယောက်ရဲ့ အမှုကို သူက လိုက်ပေးရပါတော့တယ်။အဲ့ဒီအမှုမှာ သူက သူ့ရဲ့တပည့်ဟောင်းလည်းဖြစ်၊ ချစ်သူဟောင်းလည်းဖြစ်ခဲ့ဖူးတဲ့ တရားလိုရှေ့နေမလေးနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတာပေါ့။ ဒါပေမယ့် အမှုစစ်ဆေးရင်းနဲ့ ဘုရားကျောင်းရဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ... ရိုးရှင်းမယ်လို့ ထင်ခဲ့ရတဲ့ ဒီအမှုက ပိုပြီး နက်နဲကြောက်စရာကောင်းသလို အန္တရာယ်လည်း ပိုများလာပါတော့တယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲ၊ တကယ့်အမှန်တရားကရော ဘာလဲဆိုတာကို စိတ်လှုပ်ရှား ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။