ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပြင်သစ်နိုင်ငံမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းထဲမှာ "The Basterds" လို့ခေါ်တဲ့ ဂျူး-အမေရိကန် စစ်သားတစ်စုဟာ နာဇီတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဦးရေခွံခွာတာတွေ လုပ်ရင်း နာဇီအင်ပါယာ တစ်ခွင်မှာ အကြောက်တရားတွေ ပြန့်နှံ့သွားအောင် အထူးရွေးချယ် စေလွှတ်ခံရတာပေါ့။ဒီလိုနဲ့ ဗိုလ်ကြီး အယ်လ်ဒို ရိန်း (Lt. Aldo Raine) ဦးဆောင်တဲ့ အဲ့ဒီအဖွဲ့ဟာ ပါရီမြို့မှာ ရုပ်ရှင်ရုံ ဖွင့်ထားတဲ့ ပြင်သစ်-ဂျူး ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်နဲ့ မထင်မှတ်ဘဲ လမ်းကြောင်းသွားဆုံမိကြပါတယ်။ စစ်သားတွေရဲ့ ပစ်မှတ်ထားခြင်း ခံလာရတဲ့ အဲ့ဒီရုပ်ရှင်ရုံလေးမှာ ဘယ်လို အကြိတ်အနယ် အက်ရှင်တွေနဲ့ လက်စားချေမှုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို အကြမ်းစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။