ဒီကားလေးမှာက နာမည်ကြီး သူခိုးကြီးတစ်ယောက်က မိုနာလီဇာ (Mona Lisa) ပန်းချီကားကို ခိုးဖို့ အကြံအစည်ရှိသွားတဲ့အခါ၊ သူ့ကိုကူညီဖို့ လူငယ်စိမ်းနှစ်ယောက်ကို လာငှားရာကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီနောက်မှာတော့ အဲ့ဒီလူငယ်နှစ်ယောက်က ငယ်ငယ်ကတည်းက ကွဲကွာနေတဲ့ မောင်နှမအရင်းတွေ ဖြစ်နေမှန်း သိလိုက်ရရုံတင်မကဘူး၊ အဲ့ဒီသူခိုးကြီးကပါ သူတို့ရဲ့ အဖေအရင်း ဖြစ်နေမှန်း ဖွင့်ပြောလိုက်ပါလေရော။ဘယ်သူမှ မလိုလားဘဲ ရုတ်တရက်ကြီး ရှုပ်ယှက်ခတ်ပြီး ပြန်ဆုံတွေ့လိုက်ရတဲ့ ဒီမိသားစုအသစ်လေးဟာ၊ ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး ခိုးမှုကြီးကို အောင်မြင်ချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတ်မပစ်မိအောင် ထိန်းရင်း အတူတူ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ သင်ယူရပါတော့တယ်။ အလွဲလွဲအချော်ချော်တွေနဲ့ မိသားစုဝင်တွေ ဘယ်လိုတွေ အလုပ်လုပ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။