ဒီကားလေးမှာက ဧဝရက် (Everest) တောင်ထိပ်ကို သမိုင်းမှာ ပထမဆုံး ခြေချနိုင်တဲ့သူ ဖြစ်ချင်တဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက်၊ ဇွဲလုံ့လကြီးမားတဲ့ လူတစ်ယောက်က အသက်အန္တရာယ်များတဲ့ စွန့်စားခန်း ခရီးစဉ်ကြီးတစ်ခုကို စတင်ထွက်ခွာလာရာကနေ ဇာတ်လမ်းစထားတာပါ။ ဒီခရီးကြမ်းကြီးမှာ မဖြစ်နိုင်ဘူးလို့ ထင်ရလောက်အောင် ကြီးမားတဲ့ အခက်အခဲ အတားအဆီးပေါင်းများစွာကို သူ ဘယ်လိုတွေ မလျှော့သောဇွဲနဲ့ ရင်ဆိုင်အန်တုပြီး ကျော်ဖြတ်သွားမလဲ ဆိုတာကို ရင်သပ်ရှုမောဖွယ်ရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။