Enna Vilai FHD

Enna Vilai

Drama Thriller FHD 2026-09-17 5.3 141 Min

ဒီကားလေးမှာက ရာမက်စ်ဝါရမ် (Rameswaram) က ရိုးရိုးသားသား တံငါသည်တစ်ယောက် သူ့မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေရင်းကနေ၊ တစ်နေ့မှာတော့ ကမ်းစပ်ကို သောင်တင်လာတဲ့ ရွှေဆွဲကြိုးအဆောင်လေး တစ်ခုကို ကောက်ရသွားရာကနေ ဇာတ်လမ်းစထားတာပါ။ အစပိုင်းမှာတော့ ကံကောင်းတယ်လို့ ထင်ခဲ့ရပေမယ့်၊ သိပ်မကြာခင်မှာပဲ မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် သူ့ရဲ့ အေးချမ်းမှုတွေနဲ့ ဂုဏ်သိက္ခာ ခြိမ်းခြောက်ခံလာရတဲ့အခါ... သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အဲ့ဒီနောက် သူ့ကို အနိုင်ကျင့်လာတဲ့ ဩဇာကြီးမားတဲ့ အာဏာစနစ်ကြီးကို သူ ဘယ်လိုတွေ မတရားမှုကို အံတုရင်ဆိုင်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။