ဒီကားလေးကတော့ မူးယစ်နှိမ်နင်းရေး ရဲအရာရှိ သူရဲကောင်းဘဝကနေ မူးယစ်ဆေးဖြတ်ဖို့ ကူညီပေးတဲ့ တက်ကြွလှုပ်ရှားသူအဖြစ် ပြောင်းလဲလာတဲ့ ကီဗင် ဆင်မာစ် (Kevin Simmers) နဲ့ သူ့ရဲ့သမီးလေး ဘရွတ်ခ် (Brooke) တို့ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ရိုက်ပြထားတာပါ။ဒီဇာတ်ကားထဲမှာ အမေရိကန်ရဲ့ မူးယစ်ဆေးဝါး ကပ်ဆိုးကြီးအကြောင်းရယ်၊ ရဲတပ်ဖွဲ့ရဲ့ "The thin blue line" လို့ခေါ်တဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းမျဉ်းတွေအကြောင်းရယ်ကို ဖခင်နဲ့ သမီး၊ တရားဥပဒေစောင့်ရှောက်တဲ့ ရဲနဲ့ မူးယစ်ဆေးစွဲနေသူဆိုတဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမြင်ရှုထောင့် နှစ်ခုကနေ သေသေချာချာ မီးမောင်းထိုး ပြသထားပါတယ်။ သားအဖနှစ်ယောက်ကြားက ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ဘဝသင်ခန်းစာတွေကို ရင်နင့်စရာ ခံစားကြည့်ရှုရမယ့် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။