ဒီကားလေးမှာက ပူရီ ဂျာဂန်နတ် (Puri Jagannath) ဘုရားကျောင်းတော်ကြီးမှာရှိတဲ့ အထွတ်အမြတ်ထားရာ စွမ်းအားကြီးကို လိုချင်မက်မောပြီး ထိန်းချုပ်ချင်နေတဲ့ သူတွေ ရောက်လာရာကနေ ဇာတ်လမ်းစထားတာပါ။ ဒီလိုနဲ့ အန္တရာယ်များတဲ့ တိုက်ပွဲကြီးတစ်ခု စတင်လာတဲ့အခါမှာတော့... လူတစ်ယောက်တည်းက ဒီမွန်မြတ်တဲ့ စွမ်းအားကြီးကို မကောင်းတဲ့နေရာမှာ အသုံးချချင်နေတဲ့ သူတွေလက်ထဲကနေ အသက်လုပြီး ဘယ်လိုတွေ ကာကွယ်သွားမလဲ ဆိုတာကို အက်ရှင်အကြိတ်အနယ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။