ဒီကားလေးမှာက အသက် ၈ နှစ်အရွယ် ဘူလ်ဂေးရီးယား (Bulgaria) ကလေးပန်းချီဆရာမလေး တစ်ယောက်ရဲ့ ဗီဒီယိုလေး အင်တာနက်မှာ နာမည်ကြီး (viral) ဖြစ်သွားရာကနေ၊ အနုပညာပစ္စည်းတွေ အများကြီး စုဆောင်းတဲ့ သူဌေးကြီးတစ်ယောက်က သွားပြီး မျက်စိကျသွားရာကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီအခါမှာ မိခင်နိုင်ငံကို စွန့်ခွာသွားခဲ့တာ အနှစ် ၃၀ တောင်ရှိပြီဖြစ်တဲ့ မီဟေးလ် (Mihail) ဆိုတဲ့လူက အဲ့ဒီကလေးမလေးရဲ့ ပန်းချီလက်ရာတွေ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ သွားရောက် အကဲဖြတ်ဖို့အတွက် သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရပါတော့တယ်။ အဲ့ဒီလို ပြန်သွားရင်းနဲ့မှ၊ သူ မေ့ဖျောက်ထားချင်တဲ့ အတိတ်က ခြောက်လှန့်နေတဲ့ အမှတ်ရစရာ အဖြစ်အပျက်တွေကိုပါ သူ ဘယ်လိုတွေ ပြန်လည်ရင်ဆိုင် ဖြေရှင်းသွားမလဲဆိုတာကို ရိုက်ပြထားတာပါ။မွေးရပ်မြေကို နှစ်ပေါင်းများစွာကြာမှ ပြန်ရောက်လာတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်တွေရယ်၊ အနုပညာနဲ့ အတိတ်က ဇာတ်လမ်းတွေကို ဘယ်လို ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်ထားလဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေး ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။