Lenin Pandiyan FHD

Lenin Pandiyan

Crime Drama Romance FHD 2026-09-25 8.3 131 Min

ဒီကားလေးကတော့ ဆီဗာဂန်ဂိုင်း (Sivagangai) ခရိုင်ထဲက မာနာမာဒူရိုင်း (Maanamadurai) မြစ်ကမ်းဘေးနားလေးမှာ ဇာတ်အိမ်တည်ထားတာပါ။ အဓိကကတော့ အသက် ၆၀ ကျော် ၇၀ အရွယ်လောက်ရှိပြီဖြစ်တဲ့ အရမ်းကို ရိုးအပြီး အယုံလွယ်တဲ့ အဘိုးအဘွား ဇနီးမောင်နှံနှစ်ယောက်အကြောင်းကို ရိုက်ပြထားတာပေါ့။အဲ့ဒီဒေသမှာ အခုလက်ရှိ အကြီးအကျယ် ပြဿနာဖြစ်နေတဲ့ သဲတူးဖော်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ၊ အကျိုးစီးပွား လွန်ဆွဲမှုတွေကြားထဲကို ဒီရိုးရိုးအေးအေး အဘိုးအဘွားနှစ်ယောက်က မထင်မှတ်ဘဲ ကြားညပ်ပြီး ပါသွားတဲ့အခါ... ဒီလို ဘာမှနားမလည်တဲ့ အသက်ကြီးရွယ်အို နှစ်ယောက်အနေနဲ့ ဩဇာအာဏာကြီးတဲ့ နိုင်ငံရေးသမားတွေရဲ့ အလယ်မှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တမမနဲ့ စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။