ဒီကားလေးမှာက မိန်းကလေးတစ်ယောက်က သူ့ထက်အသက်ကြီးပြီး အိမ်ထောင်ကွဲဖူးတဲ့ ချစ်သူနဲ့ မထင်မှတ်ဘဲ ခဏတာ လမ်းခွဲထားတဲ့ အချိန်လေးမှာ၊ သူ့ရဲ့ ရည်းစားဟောင်းနဲ့ ပြန်ဆုံမိသွားရာကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီလို ပြန်ဆုံမိရာကနေတစ်ဆင့် သူမရဲ့ တည်ငြိမ်နေတဲ့ ဘဝလေးကို ကမောက်ကမ ဖြစ်သွားစေနိုင်လောက်တဲ့အထိ ပြင်းထန်ရှုပ်ထွေးတဲ့ တြိဂံအချစ်ဇာတ်လမ်းကြီးထဲကို မထင်မှတ်ဘဲ ကျွံဝင်သွားပါတော့တယ်။ ဒီရှုပ်ထွေးနေတဲ့ သုံးပွင့်ဆိုင် အချစ်ရေးမှာ သူမ ဘယ်လို ရွေးချယ်မှုတွေ လုပ်မလဲ၊ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမယ့် ဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။