ဒီကားလေးမှာက နွေရာသီကုန်ခါနီးလေးမှာ ကလီးမန့်စ် (Clémence) က သူ့ရဲ့ ယောက်ျားဟောင်းကို သူမ မိန်းကလေးတွေနဲ့လည်း တွဲဖူးတယ်ဆိုတဲ့အကြောင်း ဖွင့်ပြောပြလိုက်ရာကနေ ဇာတ်လမ်းစထားတာပါ။ အဲ့ဒီလို ဖွင့်ပြောလိုက်တဲ့အခါမှာတော့ သူ့ယောက်ျားဟောင်းက လက်မခံနိုင်ဘဲ သူတို့ရဲ့ သားလေးကို အုပ်ထိန်းခွင့် ရုပ်သိမ်းဖို့ တရားစွဲလိုက်တဲ့အတွက် သူမရဲ့ တည်ငြိမ်နေတဲ့ ဘဝကြီး လုံးဝကို ကမောက်ကမဖြစ်ပြီး ပြောင်းပြန်လန်သွားပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သားဖြစ်သူကို ပြုစုစောင့်ရှောက်ခွင့်ရမယ့် မိခင်တစ်ယောက်ရဲ့ အခွင့်အရေး၊ ပြီးတော့ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတဲ့ မိန်းမသားတစ်ယောက်ရဲ့ အခွင့်အရေးတွေအတွက် ကလီးမန့်စ် တစ်ယောက် နှစ်ပေါင်းများစွာကြာအောင် အရှုံးမပေးဘဲ ဘယ်လို ခက်ခက်ခဲခဲ ရုန်းကန်တိုက်ပွဲဝင်သွားမလဲ ဆိုတာကို ရိုက်ပြထားတာပါ။မိခင်မေတ္တာ၊ လွတ်လပ်ခွင့်နဲ့ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေကြားက မိန်းမသားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို ရင်နင့်ဖွယ်ရာ၊ အားပေးချင်စရာကောင်းအောင် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။