I'm Beginning To See the Light FHD

I'm Beginning To See the Light

Drama FHD 2024-09-29 6.8 104 Min

ဒီကားလေးမှာက သောကပွေပြီး ဝမ်းနည်းကြေကွဲနေတဲ့ ခရာမှုတ် (Trumpet) သမားတစ်ယောက်က သူ့ကိုယ်သူ ပြန်လည်ရှာဖွေရင်း ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်ရှာတွေ့သွားတဲ့ အကြောင်းကို သူ့ရဲ့ အမြင်ရှုထောင့်ကနေ ရိုက်ပြထားတာပါ။တစ်နေ့တော့ သူက အထီးကျန်ဆန်တဲ့ မီးပြတိုက်လေး တစ်ခုကို ရောက်သွားရင်းနဲ့... အဲ့ဒီမီးပြတိုက်ကို လာကြတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေကြတဲ့ ဧည့်သည်နှစ်ယောက်နဲ့ မထင်မှတ်ဘဲ သွားဆုံမိရာကနေ ဇာတ်လမ်းလေး စတာပေါ့။ စိတ်ဒဏ်ရာကိုယ်စီနဲ့ နာကျင်နေရတဲ့ လူသုံးယောက် ဆုံမိကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေ နားလည်ဖေးမရင်း စိတ်ကုစားမှုတွေ ရရှိသွားကြမလဲ၊ ဘဝရဲ့ မျှော်လင့်ချက် အလင်းရောင်ကို ဒီမီးပြတိုက်လေးမှာ ဘယ်လိုမျိုး အတူတူ ပြန်လည်ရှာဖွေကြမလဲဆိုတာကို ရိုက်ပြထားတာပါ။ ကြေကွဲစရာကောင်းပေမယ့် ဘဝအတွက် ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းလေးမို့လို့ ခံစားမှုရသအပြည့်နဲ့ သိမ်သိမ်မွေ့မွေ့လေး ကြည့်ရှုရမယ့် ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။