ဒီကားလေးမှာက ဘဝမှာ ရည်မှန်းချက် ရေရေရာရာမရှိဘဲ လမ်းပျောက်နေတဲ့ လူလတ်တန်းစား မိသားစုဝင် လူငယ်လေးတစ်ယောက် အကြောင်းကို ရိုက်ပြထားတာပါ။ သူ့ကို ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ အထင်သေး သတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်နဲ့ လောကကြီးထဲမှာ၊ သူ နေရာတစ်နေရာစာ ရလာဖို့အတွက် အခက်အခဲတွေကြားကနေ ရုန်းကန်နေရရာကနေ ဇာတ်လမ်းစထားတာပေါ့။ဘဝက သူ့ရဲ့ ကြံ့ခိုင်မှုကို အမျိုးမျိုး စမ်းသပ်လာတဲ့အခါ... သူ့ကိုယ်သူ ပြန်လည်ရှာဖွေရင်း၊ ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာအောင် သတ္တိတွေ ဘယ်လိုပြန်လည်မွေးမြူသွားမလဲဆိုတဲ့ သူ့ရဲ့ ရင်နွေးဖွယ်ရာကောင်းတဲ့ ဘဝခရီးလမ်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဘဝအမောတွေကြားကနေ ကိုယ့်ကိုယ်ကိုယ် အားပေးချင်စိတ်တွေ ဖြစ်ပေါ်လာစေမယ့် ခွန်အားပေး ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။