ဒီကားလေးကတော့ ထိုင်းနိုင်ငံ အလယ်ပိုင်းက မြစ်တစ်ဖက်တစ်ချက်မှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ ရွာနှစ်ရွာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ထားတာပါ။ အရင်တုန်းကတော့ တစ်ရွာနဲ့တစ်ရွာ မိသားစုတွေလို အရမ်းခင်မင်ခဲ့ကြပေမယ့်၊ အခုချိန်မှာတော့ မျက်နှာတောင် အကြည့်မခံနိုင်လောက်အောင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရန်ငြိုးဖွဲ့နေကြတဲ့ အခြေအနေကနေ ဇာတ်လမ်းစထားတာပေါ့။ အရင်အလျှော့ပေးတဲ့သူက အရှုံးပဲဆိုတဲ့ မာနတရားတွေ ဖုံးလွှမ်းနေတဲ့ကြားထဲ... အချစ်ရေး ပြဿနာတွေ၊ ယောက်ျားမာနတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေပါ ထပ်ဝင်လာတဲ့အခါမှာတော့ သူတို့ရဲ့ ရန်မီးက ပိုပြီး ဟုန်းဟုန်းတောက်လာပါတော့တယ်။ဒီလိုနဲ့ ရွာနှစ်ရွာကြားက ပြဿနာတွေ အထွတ်အထိပ် ရောက်လာတဲ့ အချိန်လေးမှာပဲ... ဘယ်သူမှ မထင်မှတ်ထားတဲ့ လျှို့ဝှက်အန္တရာယ်ဆိုးကြီးတစ်ခုက သူတို့ဆီကို တိတ်တဆိတ် ခြိမ်းခြောက် ဝင်ရောက်လာတဲ့အခါ... အမြဲတမ်း ရန်ဖြစ်နေကြတဲ့ သူတို့တွေ အဲ့ဒီအန္တရာယ်ကြီးကို ဘယ်လိုများ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။