ဒီကားလေးမှာက အသက် ၃၆ နှစ်အရွယ် ကူတန် (Kuttan) ဆိုတဲ့ အမျိုးသားတစ်ယောက် သူ့ရဲ့ မင်္ဂလာဆောင်မယ့်နေ့ မနက်ခင်းမှာတင်၊ သူကိုယ်တိုင် သေဆုံးသွားတယ်လို့ မက်တဲ့ ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီးကနေ လန့်နိုးလာရာကနေ ဇာတ်လမ်းစထားတာပါ။ဒီလိုနဲ့ မင်္ဂလာဆောင်မယ့် နေ့တစ်နေ့လုံး အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ... ရင်းနှီးနေတဲ့ အဖြစ်အပျက်တွေက ထပ်ခါတလဲလဲ ပြန်ဖြစ်လာပြီး၊ တကယ့် လက်တွေ့အခြေအနေနဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေကြားမှာ ခွဲခြားရခက်လာတဲ့အထိ အခြေအနေတွေက ရှုပ်ထွေးလာပါတော့တယ်။တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီဆိုတာကို သတိထားမိသွားတဲ့ ကူတန်တစ်ယောက်... ဒီနေ့ကြီး နောက်တစ်ကြိမ် ထပ်ပြီး မကျော့လာခင်မှာ၊ ကွယ်ဝှက်နေတဲ့ အမှန်တရားကို အချိန်မီ ဖော်ထုတ်နိုင်ဖို့ အပြေးအလွှား ကြိုးစားရပါတော့တယ်။ အချိန်ကျော့ကွင်း (Time Loop) ထဲမှာ ပိတ်မိနေတဲ့ သတို့သားလောင်းတစ်ယောက် ဘယ်လို ရုန်းထွက်ပြီး အမှန်တရားကို ရှာဖွေမလဲဆိုတာကို ရင်တမမနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို (Mystery Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။