Melaleuca FHD

Melaleuca

Drama Thriller FHD 2026-05-01 5.4 91 Min

ဒီကားလေးမှာက ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ ဇနီးမောင်နှံနှစ်ယောက် လူသူကင်းဝေးတဲ့ တောတွင်း သစ်လုံးအိမ်လေး တစ်လုံးဆီကို ခေတ္တသွားရောက် ခိုအောင်းရာကနေ ဇာတ်လမ်းစထားတာပါ။ဒါပေမယ့် အဲ့ဒီအချိန်လေးမှာပဲ ဗိုင်းရပ်စ် မျိုးကွဲသစ် တစ်မျိုး ထပ်မံထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံး ကမောက်ကမဖြစ်ကာ ဖရိုဖရဲ အခြေအနေဆိုးကြီးနဲ့ ထပ်မံ ရင်ဆိုင်လိုက်ရပါတော့တယ်။ ဒီလို ကပ်ဘေးဆိုက်နေတဲ့ အချိန်မှာ သူတို့နှစ်ယောက်အနေနဲ့ အဖုအထစ်ဖြစ်နေတဲ့ သူတို့ရဲ့ အိမ်ထောင်ရေး ပြဿနာတွေကို ပြန်လည် ညှိနှိုင်းဖြေရှင်းကြရတဲ့အပြင်... ဒီလောကကြီးမှာ သူသာလျှင် နောက်ဆုံးကျန်ရစ်သူ ဖြစ်ရမယ်ဆိုတဲ့ ရူးသွပ်တဲ့ ရည်မှန်းချက်နဲ့ ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်နေတဲ့ ရှင်သန်ရေးသမား (survivalist) တစ်ယောက်ရဲ့ ရန်ကနေလည်း လွတ်မြောက်အောင် အသက်လု ထွက်ပြေးကြရပါတော့တယ်။ပြိုကွဲလုနီးပါး အိမ်ထောင်ရေး ပြဿနာတွေနဲ့၊ ရက်စက်တဲ့ လူသတ်သမားကြားက အသက်ရှင်သန်ရေး အကြိတ်အနယ် ပြိုင်ပွဲကို သူတို့ဇနီးမောင်နှံ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အသက်လုပွဲ (Survival Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။