ဒီကားလေးမှာက ဘာပူပင်သောကမှ မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းနေကြတဲ့ လူငယ်သူငယ်ချင်း တစ်သိုက်ရဲ့ ဘဝလေးအကြောင်းကို ရိုက်ပြထားတာပါ။ တစ်နေ့မှာတော့ သူတို့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့... သူတို့ရဲ့ သာယာတဲ့ ဘဝလေးဟာ ချစ်စရာကောင်းတဲ့ ကမောက်ကမ အရှုပ်အထွေးတွေကြားထဲကို စတင်ရောက်ရှိသွားရာကနေ ဇာတ်လမ်းစထားတာပေါ့။ဒီလို ရှုပ်ယှက်ခတ်နေတဲ့ ပြဿနာတွေနဲ့ အချစ်ရေး အရှုပ်အထွေးတွေကြားထဲမှာ... သီချင်းဂီတ အနုပညာ အငွေ့အသက်လေးတွေနဲ့အတူ သူတို့ လူငယ်တစ်သိုက် ဘယ်လို ညှိနှိုင်းဖြေရှင်းကြမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရင်းနဲ့ နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်အမြင်ကို ဂရုမစိုက်တော့ဘဲ ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံယူချက်တွေအတိုင်း ရဲရဲဝံ့ဝံ့ ရှင်သန်ရဲတဲ့ သတ္တိတွေ သူတို့ဆီမှာ ဘယ်လို ဖြစ်တည်လာမလဲ ဆိုတာကို ရိုက်ပြထားတာပါ။လူငယ်သဘာဝ အလွဲလွဲအချော်ချော် အချစ်ဇာတ်လမ်းလေးတွေကို သီချင်း အမိုက်စားလေးတွေနဲ့ ပေါင်းစပ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောခံစားကြည့်ရှုရမယ့် မြူးဇစ်ကယ် ရိုမန့်စ်-ကော်မဒီ (Musical Rom-Com) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။