ဒီကားလေးကတော့ လူတွေနဲ့ ကင်းကွာပြီး အထီးကျန် နေထိုင်တတ်တဲ့ လယ်သမားကြီး အက်ဒ် ဂိန်း (Ed Gein) အကြောင်းကို ရိုက်ပြထားတာပါ။ သူ့အပေါ်ကို အမြဲတမ်း ခြယ်လှယ်လွှမ်းမိုးထားတတ်တဲ့ မိခင်ကြီး သေဆုံးသွားတဲ့ နောက်ပိုင်းမှာတော့... သူ့ရဲ့ ဘဝကြီးဟာ တဖြည်းဖြည်းနဲ့ အမှောင်မိုက်ဆုံး ရူးသွပ်မှု လမ်းကြောင်းပေါ်ကို စတင် ရောက်ရှိသွားရာကနေ ဇာတ်လမ်းစထားတာပေါ့။မိခင်ဖြစ်သူကို လွန်ကဲစွာ စွဲလမ်းမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ကစဉ့်ကလျား ဖြစ်လာတဲ့အခါမှာတော့... အပြစ်ရှိတဲ့ မိန်းမတွေကို အပြစ်ပေးရမယ် ဆိုပြီး သွေးထိုးလှုံ့ဆော်နေတဲ့ သူ့အမေရဲ့ အသံတွေကို အမြဲတမ်းလိုလို ကြားယောင်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်လာပြီး၊ သူနေထိုင်ရာ အိမ်ကြီးကိုလည်း အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲခန်းအိမ်ကြီး တစ်လုံးအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။သူ့ရဲ့ ထိန်းချုပ်မရတဲ့ ရူးသွပ်မှုတွေ နောက်ကွယ်က ကြောက်စရာ အကောင်းဆုံး လုပ်ရပ်တွေက ဘာတွေများ ဖြစ်နေမလဲ၊ သူ့ရဲ့ ငရဲခန်းအိမ်ကြီးထဲမှာ ဘယ်လို ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖုံးကွယ်ထားလဲ ဆိုတာကို အစအဆုံး ထိတ်လန့်တုန်လှုပ်ဖွယ် ကြည့်ရှုရမှာပါ။ လူ့စိတ်သဘာဝရဲ့ အမှောင်မိုက်ဆုံးနဲ့ အကြောက်မက်ဖွယ် အကောင်းဆုံး အခြမ်းကို အသည်းယားစရာ ရိုက်ကူးတင်ဆက်ထားတဲ့ ဆိုက်ကို-ထိတ်လန့်ရင်ဖို (Psychological Horror) ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။