ဒီကားလေးမှာက ရာယာလာဆီးမား (Rayalaseema) ဆိုတဲ့ ရွာလေးတစ်ရွာကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာတစ်ခုမှ မရှိဘဲ လွတ်လွတ်လပ်လပ် အချောင်ခို နေတတ်ပေမယ့်... ချမ်းသာချင်တဲ့ အိပ်မက်ကြီးတွေကိုတော့ အမြဲမက်နေတတ်တဲ့ အချစ်ဆုံး သူငယ်ချင်း သုံးယောက်အကြောင်းကနေ ဇာတ်လမ်းစထားတာပေါ့။ဒီလိုနဲ့ နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေရင်း၊ ရွာမှာ ဒေသတွင်း ရွေးကောက်ပွဲတွေ ကျင်းပလာတဲ့ အချိန်မှာတော့... သူတို့ သုံးယောက်အတွက် အလွယ်တကူ ငွေရှာလို့ရမယ့် အခွင့်အရေး တစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ လောဘနဲ့ ကိုယ်ကျိုးရှာ အကြံအစည်တွေဟာ တစ်ရွာလုံးက မဲဆန္ဒရှင် ပြည်သူတွေသာမက ကိုယ့်ရဲ့ သွေးသားရင်း မိသားစုဝင်တွေကိုပါ လိမ်လည်လှည့်စားမိလျက်သား ဖြစ်သွားတဲ့ အခါမှာတော့ အခြေအနေတွေက လုံးဝကို ရှုပ်ထွေးသွားပါတော့တယ်။အစပိုင်းမှာတော့ လွယ်လွယ်နဲ့ ငွေရလို့ ပျော်နေခဲ့ကြပေမယ့်... အချိန်တန်တဲ့အခါ သူတို့လုပ်ရပ်ရဲ့ ဆိုးရွားလှတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက သူတို့ဆီကို မလွှဲမရှောင်သာ ပြန်လည် ရိုက်ခတ်လာချိန်မှာတော့ သူတို့သုံးယောက် ဘယ်လို အကျပ်ရိုက်သွားမလဲ၊ သူတို့ရဲ့ အမှားတွေကိုရော ဘယ်လို ပြန်လည် ပေးဆပ်ဖြေရှင်းကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ လူငယ်တွေရဲ့ အလွဲတွေ၊ လောဘနဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကို ဟာသနှောပြီး ပညာပေး ရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံရေး ဟာသ-ဒရာမာ (Political Comedy Drama) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။