Collision Course FHD

Collision Course

Action Crime Drama FHD 2026-10-30 7.7 122 Min

ဒီကားလေးမှာက ၂၀၁၃ ခုနှစ် စပိန်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ အလွန် အကွက်ကျကျ စီစဉ်ထားတဲ့ ဘဏ်ဓားပြတိုက်မှုကြီး တစ်ခုကို အောင်မြင်စွာ ကျူးလွန်ပြီးနောက်၊ ဖမ်းဆီးမခံရဖို့ အသည်းအသန် ထွက်ပြေးတိမ်းရှောင်ရင်း မမျှော်လင့်ဘဲ အပြင်းအထန် ကားတိုက်မှုကြီး တစ်ခု ဖြစ်ပွားရာကနေ ဇာတ်လမ်းစထားတာပေါ့။ဒီမတော်တဆမှုကြီးကြောင့် သူတို့ရဲ့ လွတ်မြောက်ရေး အစီအစဉ်တွေ အကုန် ပျက်စီးသွားတဲ့ အချိန်မှာတော့... အဖွဲ့ဝင် ဓားပြ တစ်ယောက်ချင်းစီရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ စရိုက်မှန်တွေ တဖြည်းဖြည်း ထွက်ပေါ်လာပါတော့တယ်။ ပိုပြီး တုန်လှုပ်စရာ ကောင်းတာက ဒီအဖွဲ့သားတွေကြားက သစ္စာဖောက်မှုတွေ၊ လိမ်လည်လှည့်စားမှုတွေဟာ အခု ပြေးရင်းလွှားရင်းနဲ့မှ ရုတ်တရက် ဖြစ်လာတာ မဟုတ်ဘဲ၊ ဒီဘဏ်ဓားပြမှုကြီးကို စတင် မစီစဉ်ခင် အချိန်အတော်ကြာ ကတည်းက ကြိုတင် အကွက်ချ ရှိနေခဲ့တာကို အချင်းချင်း သိလိုက်ရတဲ့ အခါမှာတော့ သူတို့ကြားက ယုံကြည်မှုတွေ အကြီးအကျယ် ပြိုကွဲသွားပါတော့တယ်။အပြင်ဘက်မှာ ရဲတွေက ဝိုင်းရံပိတ်ဆို့လာချိန်၊ အတွင်းထဲမှာလည်း ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့တဲ့ လွတ်လမ်းမရှိတဲ့ အခြေအနေဆိုးကြီး အောက်မှာ... အချင်းချင်း လှည့်စားထားတဲ့ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေကြားကနေ သူတို့ ဘယ်လို အသက်လု ရုန်းထွက်သွားမလဲ ဆိုတာကို အသက်ရှူမှားလောက်အောင် ကြည့်ရှုရမှာပါ။ လောဘ၊ သစ္စာဖောက်မှုနဲ့ ဉာဏ်ကစားတဲ့ လှည့်ကွက်တွေကို ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်တင်ဆက်ထားတဲ့ မှုခင်း သည်းထိတ်ရင်ဖို (Crime Heist Thriller) ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။