အင်္ဂလန်နိုင်ငံမှာ မိသားစုအတွင်း ပြဿနာတွေနဲ့ အဆင်မပြေမှုတွေကြား ရုန်းကန်နေရတဲ့ အသက် ၁၆ နှစ်အရွယ် Finn နဲ့ သူ့ရဲ့ သွက်လက်တက်ကြွပြီး စွန့်စားရတာကြိုက်တဲ့ ညီငယ် Charlie တို့ဟာ အိမ်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ဦးဟာ အဆက်အသွယ်ပြတ်တောက်နေခဲ့တာ ကြာပြီဖြစ်တဲ့ အဘိုးဆီကို သွားရောက်ဖို့ အိုင်ယာလန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသကို ခရီးနှင်ခဲ့ကြပါတယ်။သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ အိုင်ယာလန်ကမ်းရိုးတန်းဒေသမှာ အဘိုးနဲ့ ပြန်လည်ဆုံတွေ့ကြတဲ့အခါ မိသားစုဝင်တွေအကြား နားလည်မှုလွဲမှားမှုတွေ၊ နာကျင်စရာအတိတ်တွေ၊ မပြေလည်သေးတဲ့ ဆက်ဆံရေးတွေဟာ တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။အချင်းချင်း ဝေးကွာနေခဲ့ကြတဲ့ မိသားစုတစ်စုဟာ ဒီခရီးစဉ်ကနေတစ်ဆင့် ပြန်လည်နီးစပ်လာနိုင်ပါ့မလား။မိသားစုသံယောဇဉ်၊ ညီအစ်ကိုမေတ္တာ၊ ခွင့်လွှတ်နားလည်မှုနဲ့ ဘဝရဲ့နွေးထွေးမှုတွေကို ရင်ထဲထိ ခံစားရစေမယ့် မိသားစုဒရာမာဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။