အမေရိကန်နယ်စပ်ဒေသရဲ့ ရှေးခေတ်ကာလတစ်ခုမှာ လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ရောက်နေကြတဲ့ လူတစ်စုဟာ မထင်မှတ်ထားတဲ့ ကြောက်မက်ဖွယ်အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။အဲဒီအန္တရာယ်ကတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာပုံပြင်တွေထဲမှာသာ ကြားဖူးခဲ့ကြတဲ့ ရှေးဟောင်းသတ္တဝါဆိုးကြီးတစ်ကောင်ပါ။ သွေးဆာပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဒီငရဲသားရဲကြီးဟာ လူသားတွေကို အမဲလိုက်သတ်ဖြတ်ဖို့ ပေါ်ပေါက်လာတဲ့အခါ အသက်ရှင်ဖို့အတွက် ရန်သူမိတ်ဆွေမရွေး ပူးပေါင်းတိုက်ခိုက်ကြရပါတော့တယ်။မတူညီတဲ့ စရိုက်လက္ခဏာတွေနဲ့ လူတစ်စုဟာ အင်အားကြီးမားလှတဲ့ မကောင်းဆိုးဝါးကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့အားလုံး အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား။သွေးထွက်သံယို အက်ရှင်ခန်းတွေ၊ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးနဲ့ ရင်တထိတ်ထိတ် စွန့်စားခန်းတွေကို ၁၉၈၀ ပြည့်လွန်နှစ်များက Creature Horror ရုပ်ရှင်ဟန်ပန်အတိုင်း ပြန်လည်တင်ဆက်ထားတဲ့ Horror ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။