Jack Miller ဆိုသူသည် လူတို့၏ စိတ်ထဲတွင် စွဲကပ်နေသော ကြောက်ရွံ့မှုများနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန် ကိုယ်တိုင်ကူညီရေးအဖွဲ့တစ်ခုကို ဦးဆောင်ဖွင့်လှစ်ထားသူဖြစ်သည်။ တစ်နေ့တွင် ရပ်ရွာခန်းမ၌ ပြုလုပ်သော အစည်းအဝေးတစ်ခုအတွင်း ကြောက်ရွံ့မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသူများ စုဝေးလာကြပြီး တစ်ဦးချင်းစီက မိမိတို့၏ ဘဝတွင် ကြုံတွေ့ခဲ့ရသည့် ကြောက်စရာအဖြစ်အပျက်များကို ပြောပြကြသည်။ထိုအချိန်တွင် Rick ဆိုသူတစ်ဦးသည် မတော်တဆ ထိုအဖွဲ့ထဲသို့ ရောက်ရှိလာပြီး အစည်းအဝေးတွင် ပါဝင်နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ အဖွဲ့ဝင်များ၏ ရင်ဖွင့်စကားများတွင် အိမ်ထောင်ရေးဖောက်ပြန်မှု၊ သဘာဝလွန်ဖြစ်ရပ်ဆန်းများ၊ စုန်းအတတ်ပညာ၊ လူသားစားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအထိ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံမျိုးစုံ ပါဝင်နေသည်။သို့သော် အားလုံး၏ ဇာတ်လမ်းများထက် ပိုမိုကြောက်စရာကောင်းသော အတိတ်ဇာတ်လမ်းတစ်ခုကို Rick က ယူဆောင်လာခဲ့သည်။ သူ့ရဲ့ရင်ဖွင့်စကားတွေကို ကြားလိုက်ရသည့်အခါ အခြားသူများ၏ ကြောက်ရွံ့မှုများပင် သေးငယ်သွားစေမည့် အမှန်တရားတစ်ခု ပေါ်ထွက်လာတော့သည်။ကြောက်မက်ဖွယ်ရာ ဇာတ်လမ်းတိုများစွာကို တစ်ပုဒ်ပြီးတစ်ပုဒ် တင်ဆက်ထားပြီး အဆုံးအထိ ဘာတွေဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် Horror Anthology ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။