၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း လက်ဘနွန်နိုင်ငံမှာ ကမ္ဘာတစ်ဝန်းကို တုန်လှုပ်သွားစေခဲ့တဲ့ လျှို့ဝှက်စစ်ဆင်ရေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။အစ္စရေးထောက်လှမ်းရေးအဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့အစည်း ဟစ်ဇ်ဘိုလာ (Hezbollah) ကို အကြီးအကျယ် ထိခိုက်အားနည်းသွားစေဖို့ ရည်ရွယ်ပြီး နှစ်ပေါင်းများစွာ လျှို့ဝှက်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။အဲဒီစစ်ဆင်ရေးရဲ့ အထွတ်အထိပ်အဖြစ် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ ကိုင်ဆောင်အသုံးပြုနေတဲ့ ပေဂျာ (Pager) နဲ့ ဝေါ်ကီတော်ကီ (Walkie-Talkie) ထောင်ပေါင်းများစွာဟာ တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ဘနွန်နိုင်ငံတစ်ဝန်း ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေတစ်ခုကို ဖန်တီးခဲ့ပါတယ်။ဒီဖြစ်ရပ်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်စီမံချက်တွေ ရှိနေခဲ့သလဲ။ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အစီအစဉ်၊ နည်းပညာနဲ့ နိုင်ငံရေးပဋိပက္ခတွေ ဘယ်လိုဆက်စပ်နေခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ထုတ်တင်ဆက်ထားပါတယ်။ကမ္ဘာ့နိုင်ငံရေးနဲ့ ထောက်လှမ်းရေးလောကကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမယ့် နိုင်ငံရေးသည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။