တစ်ကောင်ကြွက်ဖြစ်သူ ကွေ့ယန်ဟာ ငွေရှာဖို့အတွက် စံအိမ်ကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ဝင်လုပ်ရင်းစခဲ့တာပါ။ အဲ့ဒီမှာပဲ အိမ်ပြေးလေး ယန်ဆိုတဲ့သူလေးနဲ့ တွေ့ခဲ့ပြီး သူဟာကွေ့ယန်ကို တအားတွယ်တာသူ၊ စောင့်ရှောက်ချင်သူပါ။ အိမ်ရှင်သူဌေးရဲ့သားဖြစ်သူဟာ ဆိုးသွမ်းနေရင်း နောက်ဆုံးကြံရာမရ အဖေအရင်းကိုသတ်ဖို့လုပ်ရာမှာ ကွေ့ယန်တို့နှစ်ယောက်လည်း ဝင်ကယ်ဖို့လုပ်ပေမယ့် အခါနှောင်းကာ သူဌေးလည်းသေ စံအိမ်လည်း မီးလောင်သွားပါတော့တယ်။ ရဲအဖမ်းခံရမယ့်ဆဲဆဲ ဘဝပေးအခြေအနေအတိုင်း သွေးသားမတော်စပ်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ရှင်သန်ဖို့ကြိုးစားခဲ့ရပုံ၊ ကိုယ်စီကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို တွေးတောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။