တောရိုင်းအလက်စကာမှာ အသက်ရှင်ဖို့ တိုက်ပွဲဝင်ရမယ့် လူသားနဲ့ သစ္စာရှိခွေးတစ်ကောင်ရဲ့ ရှင်သန်ရေးခရီးစဉ်ကြောက်မက်ဖွယ် လေယာဉ်ပျက်ကျမှုကြီးတစ်ခုအပြီးမှာ Special Forces စစ်အရာရှိ James Belmont နဲ့ သူ့ရဲ့သစ္စာရှိ တိုက်ခိုက်ရေးခွေး Odin တို့ဟာ လူသူကင်းမဲ့ပြီး အန္တရာယ်အပြည့်ရှိတဲ့ အလက်စကာတောနက်ကြီးထဲမှာ ပိတ်မိသွားခဲ့ကြပါတယ်။အကူအညီပေးမယ့်သူမရှိ၊ ဆက်သွယ်ရေးလည်း ပြတ်တောက်နေတဲ့အပြင် အေးခဲလွန်းတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ သဘာဝပတ်ဝန်းကျင်က သူတို့နှစ်ဦးရဲ့ အသက်ကို ခြိမ်းခြောက်နေပါတယ်။အသက်ရှင်ဖို့အတွက် အစားအစာရှာဖွေရမယ်၊ အန္တရာယ်တွေကို ရင်ဆိုင်ရမယ်၊ သဘာဝတရားရဲ့ ရက်စက်မှုတွေကို အံတုရမယ်။ ဒီခရီးစဉ်မှာ James တစ်ယောက်တည်း ရှင်သန်ဖို့ ကြိုးစားရတာမဟုတ်ဘဲ သူ့အပေါ် အကြွင်းမဲ့သစ္စာရှိတဲ့ Odin နဲ့အတူ အခက်အခဲတိုင်းကို ရင်ဆိုင်ရမှာပါ။လူသားတစ်ယောက်ရဲ့ ရှင်သန်လိုစိတ်၊ သစ္စာရှိမှုနဲ့ လူသားနဲ့ခွေးတို့ကြားက ခိုင်မာတဲ့သံယောဇဉ်ကို ဖော်ကျူးထားတဲ့ စိတ်လှုပ်ရှားစရာ Survival Action ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။တောရိုင်းသဘာဝကြီးထဲမှာ အသက်ရှင်ဖို့ ဘယ်လောက်အထိ တိုက်ပွဲဝင်နိုင်မလဲ။