လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်အချိန်မှာ အရွယ်ရောက်ပြီးသူများအတွက် အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးဝန်ထမ်းနှစ်ဦးဟာ ညဆိုင်းတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ဒါပေမဲ့ အဲဒီညမှာတော့ သူတို့နှစ်ဦး မထင်မှတ်ထားတဲ့ ကြောက်မက်ဖွယ်အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ ကုမ္ပဏီအတွင်းမှာ စမ်းသပ်ထုတ်လုပ်ထားပြီး တစ်စိတ်တစ်ပိုင်း ဖြုတ်ထားရသလို စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေလည်း ပြင်းထန်စွာရှိနေတဲ့ Robotica လို့ခေါ်တဲ့ အမျိုးသမီးစက်ရုပ်အရုပ်တစ်ရုပ်ဟာ ရုတ်တရက် အသက်ဝင်လာပြီး သူတို့နှစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်လာပါတော့တယ်။သာမန်ညဆိုင်းတစ်ညလို့ ထင်မှတ်ထားခဲ့တဲ့ သူတို့ရဲ့အလုပ်ချိန်ဟာ အသက်ရှင်ဖို့အတွက် အသည်းအသန်ရုန်းကန်ရမယ့် ညတစ်ညအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ထွက်ပေါက်ပိတ်နေတဲ့ ကုမ္ပဏီအတွင်းမှာ ချို့ယွင်းနေတဲ့ စက်ရုပ်ဆိုးကြီးရဲ့ ရန်ကနေ သူတို့နှစ်ဦး လွတ်မြောက်နိုင်ပါ့မလား။ထိတ်လန့်စရာ၊ ဟာသဆန်ဆန်နဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့် စက်ရုပ်အန္တရာယ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။