အကြမ်းဖက်ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကို လိုက်လံဖမ်းဆီးနေတဲ့ ရဲအရာရှိ ချာလော့တ် ဘရစ်ဂ်စ် (Charlotte Briggs) တစ်ယောက် မထင်မှတ်ထားတဲ့ အသက်ရှင်ရေးတိုက်ပွဲကြီးထဲကို ရောက်ရှိသွားခဲ့ပါတယ်။အရီဇိုးနား သဲကန္တာရကြီးရဲ့ အလယ်မှာ တည်ရှိတဲ့ စွန့်ပစ်ထားသော ဒုံးကျည်စက်ရုံဟောင်းတစ်ခုအတွင်း သူမဟာ ပိတ်မိသွားခဲ့ပြီး အဲဒီနေရာဟာ ထွက်ပေါက်ရှာမတွေ့နိုင်လောက်အောင် ရှုပ်ထွေးလှတဲ့ ငရဲခန်းကြီးတစ်ခုလို ဖြစ်နေပါတော့တယ်။ဒါ့အပြင် အဲဒီစက်ရုံကြီးထဲမှာ လူသားမဆန်တဲ့ ကြောက်မက်ဖွယ် မျိုးဗီဇပြောင်းလဲသတ္တဝါဆိုးကြီးတွေ ရှိနေသလို Overseer လို့သာ သိထားရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတစ်သံကလည်း သူမကို အစဉ်မပြတ် ခြိမ်းခြောက်ထိန်းချုပ်နေပါတယ်။ရန်သူတွေက ဘယ်နေရာကနေ ပေါ်လာမလဲဆိုတာ မသိနိုင်တဲ့ အခြေအနေမှာ ချာလော့တ်တစ်ယောက် အသက်ရှင်ဖို့အတွက် အစွမ်းကုန် တိုက်ခိုက်ရင်း ဒီစက်ရုံကြီးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ပါ့မလား။သဲကန္တာရထဲက စွန့်ပစ်စက်ရုံကြီး၊ ကြောက်မက်ဖွယ် မျိုးဗီဇပြောင်းသတ္တဝါများနဲ့ အသက်ရှင်ရေးအတွက် အသည်းအသန်ရုန်းကန်ရမယ့် သိပ္ပံစိတ်ကူးယဉ် အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။