နှင်းဖုံးလွှမ်းနေတဲ့ အာမေးနီးယားတောင်တန်းကြီးတွေကြားမှာ ပါသီယန်စစ်သားတွေရဲ့ ကင်းလှည့်မှုတွေ အပြည့်နဲ့ အန္တရာယ်တွေ ဝိုင်းရံနေပါတယ်။ အဲဒီအချိန်မှာ ရောမသွေးတစ်ဝက်ပါဝင်တဲ့ Noreno ဟာ သေလုမျောပါးဖြစ်နေကြတဲ့ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို ကယ်တင်နိုင်ဖို့ အကူအညီရှာဖွေရမယ့် အရေးကြီးတာဝန်တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။အသက်ရှင်ဖို့တောင် ခက်ခဲလှတဲ့ နှင်းတောင်တန်းတွေကို ဖြတ်ကျော်ရင်း ရန်သူ့တပ်တွေရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလား။ အချိန်နဲ့အမျှ အသက်အန္တရာယ်နီးကပ်လာတဲ့ သူ့ရဲဘော်တွေကို ကယ်တင်ဖို့ Noreno တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ရင်ဆိုင်ရမလဲ။စစ်ပွဲ၊ သစ္စာတရား၊ ရဲစွမ်းသတ္တိနဲ့ အသက်ရှင်သန်ရေးအတွက် အဆုံးစွန်တိုက်ပွဲဝင်ရမယ့် စိတ်လှုပ်ရှားဖွယ် သမိုင်းနောက်ခံ စွန့်စားခန်းဇာတ်ကားတစ်ကား ဖြစ်ပါတယ်။