တောင်တန်းတွေကြားက ဒရမ်တီးသံနှင့် နပိုလီယံ၏ လက်စားချေမှု၁၈၀၈ ခုနှစ်၊ စပိန်နိုင်ငံ။ ဥရောပတစ်ခွင်ကို အင်အားကြီးမားစွာ သိမ်းပိုက်နေသော နပိုလီယံ၏ ပြင်သစ်တပ်မတော်သည် မထင်မှတ်ထားသော ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ ထူးဆန်းသည်မှာ ထိုအောင်ပွဲကို ရယူခဲ့သူမှာ စစ်သူရဲကောင်းတစ်ဦးမဟုတ်၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့လည်း မဟုတ်ဘဲ သာမန်လူငယ် ဒရမ်တီးသမားလေးတစ်ဦးသာ ဖြစ်နေခြင်းပင်။Montserrat တောင်တန်းများ၏ သဘာဝပဲ့တင်သံကို အကောင်းဆုံးအသုံးချကာ ဒရမ်တီးသံများကို နေရာအနှံ့ ပျံ့နှံ့စေခဲ့သည့် လူငယ်လေးသည် ပြင်သစ်စစ်တပ်ကို ရန်သူအင်အားအများအပြား ဝိုင်းရံတိုက်ခိုက်နေသည်ဟု ထင်မှားစေခဲ့သည်။ ထိတ်လန့်တုန်လှုပ်သွားသော စစ်သားများသည် စစ်မြေပြင်မှ အလန့်တကြား ဆုတ်ခွာထွက်ပြေးခဲ့ကြရသည်။ဒီသတင်းကို ကြားသိလိုက်ရသော နပိုလီယံသည် ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး သူ၏ Imperial Guard တပ်မှူးကို အမိန့်တစ်ခု ပေးလိုက်သည်။ ထိုလူငယ်ကို မဖြစ်မနေ ရှာဖွေဖမ်းဆီးပြီး ခေါင်းဖြတ်ယူလာရန်ပင် ဖြစ်သည်။ထိုအချိန်မှစ၍ လူငယ်လေး၏ ဘဝသည် သာမန်ရွာသားတစ်ဦး၏ ဘဝမဟုတ်တော့ဘဲ အသက်ရှင်ရေးအတွက် တောင်တန်းများကြားတွင် အသည်းအသန် ထွက်ပြေးတိုက်ခိုက်ရမည့် သည်းထိတ်ရင်ဖို ခရီးစဉ်တစ်ခု ဖြစ်လာခဲ့သည်။တစ်ဖက်တွင် အင်အားကြီးမားသော နပိုလီယံ၏ စစ်တပ်၊ တစ်ဖက်တွင်တော့ တစ်ယောက်တည်းဖြင့် ရန်သူကို ရင်ဆိုင်ရမည့် လူငယ်လေး။သူ့ရဲ့ ဒရမ်တီးသံက စစ်တပ်ကြီးတစ်ခုကို ထွက်ပြေးစေနိုင်ခဲ့သလို၊ သူ့ရဲ့ အသက်ကိုပါ ကယ်တင်ပေးနိုင်ပါ့မလား။စစ်ပွဲတစ်ခုမှာ အင်အားကြီးမားတဲ့ လက်နက်တွေထက် ဉာဏ်ပညာနဲ့ သတ္တိက ပိုအရေးပါနိုင်ကြောင်း ဖော်ပြထားတဲ့ စပိန်သမိုင်းနောက်ခံ အက်ရှင်စွန့်စားခန်းဇာတ်ကားတစ်ကား ဖြစ်ပါတယ်။