Xiaowei ဆိုတဲ့ လူငယ်လေးဟာ အကြွေးပြဿနာတွေကြောင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ သူ့ရဲ့ ဘီလျံနာအဘိုးကို ရှာဖွေဖို့ ထိုင်းနိုင်ငံကို ခရီးထွက်လာခဲ့ပါတယ်။ အဘိုးဖြစ်သူဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရှိတော့တာကြောင့် Xiaowei ဟာ အဘိုးကို အမြန်ဆုံးရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ထိုင်းနိုင်ငံကို ရောက်ရှိပြီး အဘိုးကို လိုက်လံရှာဖွေရာကနေ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ သူ့အဖွားနဲ့ စာအဆက်အသွယ်ပြုလုပ်လာခဲ့သူဟာ သူ့အဖွားရဲ့ ခင်ပွန်းအစစ် မဟုတ်နေခဲ့ပါဘူး။ဒီလိုနဲ့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေ၊ အချစ်ရေးရှုပ်ထွေးမှုတွေနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကြားမှာ Xiaowei တစ်ယောက် ဘယ်လိုအမှန်တရားတွေကို ဖော်ထုတ်နိုင်မလဲ။ရယ်မောစရာတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားလေးကို အဆုံးထိ ကြည့်ရှုခံစားလိုက်ကြပါဦး။