Kyma, l'onde mystérieuse FHD

Kyma, l'onde mystérieuse

Fantasy Adventure FHD 2026-08-05 4.7 0 Min

ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ တိရစ္ဆာန်ချစ်တတ်သူ ဆယ်ကျော်သက်လူငယ်လေး တိုနီဟာ တစ်ကိုယ်တည်း အေးအေးဆေးဆေး နေထိုင်တတ်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သာမန်သတ္တဝါတွေနဲ့ လုံးဝမတူတဲ့ ထူးဆန်းအံ့ဖွယ် သက်ရှိတစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။အဲဒီသတ္တဝါကို "Kyma" လို့ ခေါ်ပြီး အသံလှိုင်းတစ်ခုအဖြစ် အသက်ဝင်နေတဲ့ ထူးဆန်းသတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ သူ့ရဲ့ အသံလှိုင်းစွမ်းအားဟာ ခိုင်မာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုတောင် ချိုးဖျက်၊ ဖြိုခွဲပစ်နိုင်တဲ့ အစွမ်းထက်လှပါတယ်။တိုနီဟာ အဲဒီထူးဆန်းသတ္တဝါလေးနဲ့ ရင်းနှီးကျွမ်းဝင်လာပြီး ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Kyma ရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို သိရှိသွားကြသူတွေကတော့ အဲဒီသတ္တဝါကို ဖမ်းဆီးပြီး အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်တစ်ခုအဖြစ် အသုံးချဖို့ ကြံစည်လာကြပါတော့တယ်။မိမိချစ်ခင်ရတဲ့ သတ္တဝါလေးကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ တိုနီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ရမလဲ။ လူသားတွေရဲ့ လောဘနဲ့ အဖျက်စွမ်းအားကြားမှာ Kyma ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်သွားမလဲ။ မိတ်ဆွေစစ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကာကွယ်ပေးဖို့ အသင့်ရှိနေသူပါပဲ။