ဥရောပရဲ့ အထက်တန်းလွှာသူဌေးကြီးတွေနဲ့ အရေးပါပုဂ္ဂိုလ်တွေ စီးနင်းလိုက်ပါလာကြတဲ့ နာမည်ကျော် ဇိမ်ခံရထားကြီး Majestic Imperator Train de Luxe ဟာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် ဗီယင်နာမြို့ကနေ ဘူဒါပက်စ်ကို ဖြတ်သန်းပြီး ပရာ့ဂ်မြို့ဆီ ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ရထားပိုင်ရှင် လီယို ဂိုးလ်ဒ်ဘာ့ဂ်ဟာ ဒီနောက်ဆုံးခရီးစဉ်ကို ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေပွဲတစ်ခုနဲ့အတူ သီးသန့်လေလံပွဲပါ ကျင်းပပြုလုပ်ပြီး ရထားကြီးကို လေလံအမြင့်ဆုံးပေးသူထံ ရောင်းချဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ ဒီရထားကြီးဟာ ဇိမ်ခံခရီးသည်တင်ယာဉ်တစ်စင်းသာ မဟုတ်ပါဘူး။ လုံခြုံရေးတင်းကျပ်တဲ့ အခန်းတွေ၊ ထွက်ပေါက်အနည်းငယ်နဲ့ လူတစ်ဦးချင်းစီရဲ့ အထောက်အထားကို ဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်ချက်များစွာကြောင့် နိုင်ငံတကာထောက်လှမ်းရေးအဖွဲ့တွေအတွက် အလွန်စိတ်ဝင်စားစရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ရုရှားသူလျှိုတစ်ဦး၊ ကြင်စဦးဇနီးမောင်နှံဟန်ဆောင်ထားတဲ့ MI6 အေးဂျင့်နှစ်ဦး၊ ရထားတစ်စင်းလုံးကို လျှို့ဝှက်စောင့်ကြည့်ရေးကိရိယာတွေ တပ်ဆင်နေတဲ့ တရုတ်အေးဂျင့်တွေ၊ သမီးဖြစ်သူနဲ့အတူ ခရီးသွားလာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးတို့ဟာ တစ်နေရာတည်းမှာ ဆုံစည်းလာကြပါတယ်။အပြင်ပန်းမှာတော့ ရှန်ပိန်ခွက်တွေ၊ ခမ်းနားတဲ့ ပါတီပွဲတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စကားဝိုင်းတွေကြားမှာ အရာအားလုံးဟာ အေးချမ်းသာယာနေသလို ထင်ရပေမဲ့ နောက်ကွယ်မှာတော့ နိုင်ငံတကာသူလျှိုအဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ပွဲကြီးတစ်ခု စတင်နေခဲ့ပါပြီ။ညအမှောင်ထဲမှာ အရှိန်ပြင်းစွာ ပြေးလွှားနေတဲ့ ရထားကြီးပေါ်မှာ သစ္စာတရားတွေ ပျောက်ဆုံးလာပြီး အန္တရာယ်တွေက တစ်စထက်တစ်စ ကြီးထွားလာချိန်မှာတော့ ထွက်ပြေးလွတ်မြောက်ဖို့ လမ်းကြောင်းတွေပါ တဖြည်းဖြည်း ပိတ်ဆို့လာပါတော့တယ်။ဇိမ်ခံရထားကြီးပေါ်က နောက်ဆုံးခရီးစဉ်ဟာ ဘယ်သူ့အတွက် အသက်ရှင်လျက် ပြီးဆုံးနိုင်မယ့် ခရီးစဉ်ဖြစ်လာမလဲ။