Closure FHD

Closure

Documentary FHD 2026-09-11 7.1 105 Min

ဆယ်ကျော်သက်အရွယ် သားဖြစ်သူ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ ဒန်နီရယ်တစ်ယောက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ သားကို အသည်းအသန် လိုက်လံရှာဖွေပါတော့တယ်။နောက်ဆုံးမှာတော့ သူဟာ ဗစ်စတူလာမြစ်ရဲ့ နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်အထိ ဆင်းသက်ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြစ်ရဲ့ အောက်ခြေမှာ သားဖြစ်သူရဲ့ အသက်မဲ့ခန္ဓာကိုယ်ကိုသာ တွေ့ရတော့မလားဆိုတဲ့ ကြောက်ရွံ့မှုနဲ့ သားဖြစ်သူဟာ တစ်နေရာရာမှာ အသက်ရှင်လျက် ရှိနေဦးမယ်ဆိုတဲ့ မျှော်လင့်ချက်တို့ကြားမှာ သူ့စိတ်ဟာ အကြီးအကျယ် လွန်ဆွဲနေခဲ့ပါတယ်။အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ မျှော်လင့်ချက်နဲ့ စိတ်ပျက်အားငယ်မှုတို့ကြားမှာ ရုန်းကန်နေရတဲ့ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နာကျင်မှုနဲ့ အဆုံးမဲ့ရှာဖွေမှုတွေကို ရင်ဆိုင်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။သားတစ်ယောက်ကို ပြန်တွေ့နိုင်ဖို့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ ဘယ်လောက်အထိ စွန့်စားနိုင်မလဲ။