အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Ops) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အေးဂျင့် Brock Belfry ဟာ အချစ်နဲ့တွေ့ဆုံပြီးနောက် အဲဒီအလုပ်ကနေ အနားယူကာ မြို့ငယ်လေးတစ်မြို့မှာ လုံခြုံရေးဝန်ထမ်းအဖြစ် ဘဝသစ်ကို စတင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သက်ကြီးရွယ်အိုအဖွဲ့တစ်ဖွဲ့ကို နွေရာသီအပန်းဖြေခရီးအဖြစ် Las Vegas မြို့ဆီ ပို့ဆောင်ပေးဖို့ တာဝန်ကျလာပါတယ်။ဒါပေမဲ့ ဒီခရီးစဉ်ဟာ သာမန်အပန်းဖြေခရီးတစ်ခု မဟုတ်ခဲ့ပါဘူး။ Brock ရဲ့ ရန်သူဟောင်းတွေက သူ့ရဲ့တည်နေရာကို ခြေရာခံမိသွားပြီး အသက်အန္တရာယ်ပေးဖို့ လိုက်လံတိုက်ခိုက်ဖို့ ကြံစည်လာကြပါတယ်။ဒီလိုနဲ့ သက်ကြီးရွယ်အိုတွေနဲ့အတူ ခရီးထွက်လာတဲ့ Brock တစ်ယောက်ဟာ ရန်သူတွေရဲ့ အန္တရာယ်ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ Las Vegas ခရီးစဉ်လေးက ဘယ်လို မထင်မှတ်ထားတဲ့ စွန့်စားခန်းကြီးတစ်ခု ဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။