၁၉ ရာစုခေတ် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်က အိန္ဒိယနိုင်ငံမှာ မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရပြီး ကိုလိုနီအာဏာပိုင်တွေရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ဒီလို မတရားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေမှာ မတရားမှုကို လက်မခံနိုင်တဲ့ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ်။ သူဟာ ဖိနှိပ်ခံပြည်သူတွေရဲ့ အသံဖြစ်လာပြီး ကိုလိုနီအုပ်ချုပ်သူတွေရဲ့ ရက်စက်မှုတွေကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်သွားမယ့် သူရဲကောင်းတစ်ဦးရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ တော်လှန်ရေးခရီးစဉ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် သမိုင်းနောက်ခံ အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။