အစ္စတန်ဘူလ်မြို့မှာ အတူနေထိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသားလူငယ်နှစ်ဦးဖြစ်တဲ့ Emrah နဲ့ Salih တို့ရဲ့ သာမန်နေ့စဉ်ဘဝဟာ Salih တစ်ယောက် Havas လို့ခေါ်တဲ့ မှော်ပညာဆိုင်ရာ ပညာရပ်ကို စတင်စိတ်ဝင်စားလာရာကနေ ပြောင်းလဲသွားခဲ့ပါတယ်။အစပိုင်းမှာ ဝါသနာတစ်ခုလိုသာ ရှိခဲ့တဲ့ Salih ရဲ့ မှော်ပညာအပေါ် စိတ်ဝင်စားမှုဟာ တဖြည်းဖြည်း အစွဲအလမ်းကြီးတဲ့အဆင့်အထိ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ ဝိညာဉ်လောကထဲက အရာတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားလာပါတော့တယ်။Salih ဘာတွေလုပ်နေမှန်း မသိရှာတဲ့ Emrah အတွက်တော့ အတူနေထိုင်တဲ့ အိမ်လေးဟာ ငြိမ်းချမ်းရာနေရာတစ်ခု မဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ဖြစ်ရပ်တွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ Salih ရဲ့ ထိန်းချုပ်မှုတွေ လွတ်ထွက်သွားတဲ့အခါ Emrah တစ်ယောက် အိပ်မက်ဆိုးတွေ၊ ထူးဆန်းကြောက်လန့်ဖွယ် ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပြီး ပုံမှန်ဘဝကိုပါ ဆုံးရှုံးလာခဲ့ပါတယ်။နောက်ဆုံးမှာ စိတ်အေးချမ်းမှုရဖို့ မိသားစုရှိရာ Izmit မြို့ကို ပြန်လာခဲ့ပေမဲ့ သူ့နောက်ကို လိုက်နေတဲ့ အရာတွေကတော့ အလွတ်မပေးခဲ့ပါဘူး။မိသားစုကလည်း Emrah ကို ဘယ်လိုမှ မကူညီနိုင်တော့တဲ့အခါ ဒီလိုအဖြစ်အပျက်မျိုးတွေကို အတွေ့အကြုံရှိသူ Bakırcı Mehmet Efendi ထံ အကူအညီတောင်းခံခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ရင်ဆိုင်နေရတာဟာ သာမန်ကြောက်စရာဖြစ်ရပ်တစ်ခုလား… ဒါမှမဟုတ် လူသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနိုင်တဲ့ ဝိညာဉ်လောကရဲ့ အန္တရာယ်တစ်ခုလား။မှော်ပညာ၊ ဂျင်နီနဲ့ ဝိညာဉ်လောကရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ထိတ်လန့်ဖွယ်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ Horror ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။