ဝမ်းနည်းပူဆွေးမှုတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်နဲ့ သေမင်းတမန် အန္တရာယ်…မြို့သစ်တစ်မြို့ကို ပြောင်းရွှေ့လာတဲ့ ဆေးဝါးပညာရှင် အမျိုးသမီးတစ်ဦးဟာ ကိုယ်တိုင်လည်း ချစ်ရသူတစ်ဦးကို ဆုံးရှုံးထားရလို့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ရင်ဆိုင်နေရသူတစ်ယောက်ပါ။ ဒါပေမဲ့ သူမရောက်ရှိလာပြီး မကြာခင်မှာပဲ မြို့အတွင်း ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် လူငယ်တစ်ဦး အန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီဖြစ်ရပ်နောက်ကွယ်မှာ ဆယ်ကျော်သက်လူငယ်တွေကြား တဖြည်းဖြည်း ပျံ့နှံ့လာနေတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ထူးဆန်းလျှို့ဝှက်ဆန်းကြယ်တဲ့ ဝမ်းနည်းပူဆွေးမှုဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုတို့ ဆက်စပ်နေကြောင်း သူမ သတိပြုမိလာပါတယ်။အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ သူမဟာ ဒီလျှို့ဝှက်ချက်တွေရဲ့ နောက်ကွယ်ကို စတင်စုံစမ်းပါတော့တယ်။ ဒါပေမဲ့ စုံစမ်းမှုတွေ ပိုမိုနက်ရှိုင်းလာလေလေ အန္တရာယ်တွေကလည်း ပိုမိုနီးကပ်လာလေလေပါပဲ။အဆိုးဆုံးကတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဝက်ဘ်ဆိုက်ရဲ့ နောက်ထပ်ပစ်မှတ်ဟာ သူမရဲ့ ကိုယ်ပိုင်သမီးလေး ဖြစ်လာနိုင်နေတာပါပဲ။ဒီဝက်ဘ်ဆိုက်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဆယ်ကျော်သက်လူငယ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ပစ်မှတ်ထားနေတာလဲ။ ကိုယ့်သမီးလေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။မိသားစုသံယောဇဉ်၊ လျှို့ဝှက်သည်းဖိုမှု၊ စုံထောက်ဆန်တဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ အန္တရာယ်တွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးမှာ အမှန်တရားကို အချိန်မီ ဖော်ထုတ်နိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။