နတ်ဆိုးပူးကပ်ခံရတဲ့ မိန်းကလေးတစ်ဦးနဲ့ မပြီးဆုံးနိုင်တဲ့ ဝိညာဉ်တိုက်ပွဲ…တစ်ချိန်က စာတော်ပြီး အေးဆေးတည်ငြိမ်တဲ့ ကျောင်းသူလေးတစ်ဦးဟာ ရုတ်တရက်ဆိုသလို ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေ ပြောင်းလဲလာပြီး ဒေါသကြီးကြီးနဲ့ ကြမ်းတမ်းရမ်းကားလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် စိုးရိမ်ပူပန်လာတဲ့ မိဘတွေဟာ နောက်ဆုံးမှာ ဘုန်းတော်ကြီးတစ်ပါးထံ အကူအညီတောင်းခံခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့အားလုံး မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကို သိရှိလိုက်ရပါတယ်။ အဲဒါကတော့ မိန်းကလေးဟာ သာမန်စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ပူးကပ်ခြင်းကို ခံနေရတာပါပဲ။ဒီအခြေအနေကို ရင်ဆိုင်ဖို့ ကြိုးစားရတဲ့ ဘုန်းတော်ကြီးဟာလည်း နတ်ဆိုးနှင်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းပါးသူတစ်ဦး ဖြစ်နေပါတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့အတွက် နတ်ဆိုးနဲ့ မဖြစ်မနေ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။အဆိုးဆုံးကတော့ ဒီတိုက်ပွဲဟာ မိန်းကလေးတစ်ဦးတည်းရဲ့ အသက်နဲ့ ဝိညာဉ်အတွက်သာ မဟုတ်ဘဲ တစ်မြို့လုံးမှာ နေထိုင်ကြတဲ့ လူတွေရဲ့ ဝိညာဉ်တွေကိုပါ ခြိမ်းခြောက်လာခဲ့တာပါပဲ။အတွေ့အကြုံနည်းပါးတဲ့ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ အင်အားကြီးမားတဲ့ နတ်ဆိုးကို အနိုင်ယူပြီး မိန်းကလေးနဲ့ တစ်မြို့လုံးကို ကယ်တင်နိုင်ပါ့မလား။နတ်ဆိုးပူးကပ်မှု၊ ဘာသာရေးယုံကြည်မှုနဲ့ သဘာဝလွန်ကြောက်မက်ဖွယ်ရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာ အစမှအဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Horror ဇာတ်ဝင်ခန်းတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။