မီးမုန်တိုင်းကြီးကြားမှာ အသက်ရှင်ဖို့ ကြိုးစားရမယ့် လူတစ်စုရဲ့ ရှင်သန်ရေးတိုက်ပွဲ…ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုမှာ ပါဝင်နေကြတဲ့ စိတ်သဘောထားမတူညီသူ လူတစ်စုဟာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် လူသူကင်းမဲ့ပြီး ဟောင်းနွမ်းပျက်စီးနေတဲ့ တောအိမ်လေးတစ်လုံးမှာ ပိတ်မိသွားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲ သူတို့အနီးတစ်ဝိုက်ကို အရာအားလုံးကို အရည်ပျော်ပျက်စီးသွားစေနိုင်တဲ့ ကြောက်မက်ဖွယ် မီးလေဆင်နှာမောင်းကြီး (Firenado) တစ်ခု ဝင်ရောက်တိုက်ခတ်လာပါတော့တယ်။လမ်းတွေ ပျက်စီးကုန်ပြီဖြစ်လို့ ထွက်ပြေးဖို့လည်း မဖြစ်နိုင်တော့သလို အပူရှိန်ကလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ဒီလို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး သဘောထားမတိုက်ဆိုင်ကြတဲ့ သူတို့အားလုံးဟာ အသက်ရှင်ဖို့အတွက် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရပါတော့တယ်။တစ်ယောက်ချင်းစီမှာရှိတဲ့ ထူးဆန်းတဲ့ အရည်အချင်းတွေနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး တောအိမ်လေးကို ခိုင်ခံ့အောင် ကာကွယ်ကြရင်း နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာမယ့် မီးမုန်တိုင်းကြီးကို ရင်ဆိုင်ဖို့ ပြင်ဆင်လာကြပါတယ်။မီးမုန်တိုင်းကြီး ထပ်မံဝင်ရောက်မလာခင် သူတို့အားလုံး အသက်ရှင်လွတ်မြောက်နိုင်ပါ့မလား။ အချင်းချင်း မတည့်ကြတဲ့ လူတစ်စုဟာ အချိန်မီ စည်းလုံးနိုင်ပါ့မလား။သဘာဝဘေးအန္တရာယ်ကြီးတစ်ခုရဲ့ ကြောက်မက်ဖွယ်စွမ်းအား၊ ရှင်သန်ရေးအတွက် အပြင်းအထန်ကြိုးစားမှုတွေနဲ့ မထင်မှတ်ထားတဲ့ ဟာသအလွဲအချော်တွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးမှာ အစမှအဆုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။