တစ်ချိန်က Country Music လောကမှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်ဟောင်း Misty Jones ဟာ သူမရဲ့ တူမဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားတဲ့ သတင်းကြောင့် Nashville မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အနာဂတ်အလားအလာကောင်းတွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေတဲ့ တူမဖြစ်သူ ဘယ်လိုအကြောင်းကြောင့် ပျောက်ဆုံးသွားရတာလဲဆိုတာကို Misty တစ်ယောက် ကိုယ်တိုင်စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။စုံစမ်းမှုတွေ တစ်ဆင့်ပြီးတစ်ဆင့် နက်ရှိုင်းလာတာနဲ့အမျှ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တူမဖြစ်သူကို ပြန်လည်ရှာဖွေနိုင်ဖို့နဲ့ အတိတ်က အရိပ်မည်းတွေကို ရင်ဆိုင်ဖို့ Misty ဘယ်လိုကြိုးစားသွားမလဲ။မိသားစုသံယောဇဉ်၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ စိတ်လှုပ်ရှားဖွယ် စုံစမ်းဖော်ထုတ်မှုတွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။