ဗြောင်ဂူဟာ အရင်က အရည်အချင်းရှိတဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပေမဲ့ မထင်မှတ်ထားတဲ့ အမှားတစ်ခုကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့နည်းပြဟောင်းဖွင့်ထားတဲ့ အားကစားရုံမှာပဲ သန့်ရှင်းရေးနဲ့ တခြားအလုပ်ကြမ်းတွေလုပ်ရင်း နေထိုင်နေပါတယ်။ သူ့မှာ punch-drunk syndrome လို့ခေါ်တဲ့ လက်ဝှေ့ထိုးရင်း ခေါင်းကိုအထိနာများလို့ဖြစ်လာတဲ့ ဦးနှောက်နဲ့အာရုံကြောထိခိုက်မှုရောဂါခံစားနေရပါတယ်။ ဒါပေမဲ့ ကိုရီးယားရိုးရာတေးဂီတသံစဉ်နဲ့ယှဉ်ပြီးထိုးရတဲ့ pansori လက်ဝှေ့ကစားဟန်နဲ့ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ဖို့ သူ့ရဲ့အိပ်မက်တွေက ရှင်သန်နေဆဲပါ။ တစ်နေ့မှာတော့ အားကစားရုံကို အသစ်ရောက်လာတဲ့ တက်ကြွလန်းဆန်းတဲ့ ကောင်မလေး မင်ဂျီနဲ့တွေ့ဆုံခဲ့ပါတယ်။ မင်ဂျီက သူ့ရဲ့အိပ်မက်ကို နားလည်ပေးပြီး ကိုရီးယားရိုးရာဗုံကို ကိုယ်တိုင်တီးခတ်ပေးကာ ဗြောင်ဂူရဲ့ pansori လက်ဝှေ့ပညာကို အသက်ဝင်လာအောင် ကူညီပေးပါတယ်။ သူတို့နှစ်ယောက်ပေါင်းစပ်ပြီး အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ရယ်မောဖွယ်ရာနဲ့ ကြည်နူးဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။