တချို့မေတ္တာတွေက "ချစ်တယ်" လို့ တစ်ခါမှ မပြောဖူးပေမဲ့ ဘဝတစ်လျှောက်လုံး လုပ်ရပ်တွေနဲ့ သက်သေပြနေတတ်ပါတယ်ဒီဇာတ်ကားလေးက သွေးသားမတော်စပ်ပေမဲ့ မေတ္တာနဲ့ တည်ဆောက်ထားတဲ့ သားအဖဆက်ဆံရေးကို နွေးထွေးစွာ ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်ဖခင်တစ်ယောက်ရဲ့ အသံတိတ်မေတ္တာ၊ အနစ်နာခံမှုနဲ့ မိသားစုဆိုတဲ့ အဓိပ္ပာယ်ကို ဒီကားလေးထဲမှာ ခံစားရစေမှာပါစစ်မှုထမ်းဟောင်း ဖခင်တစ်ယောက်နဲ့ သူမွေးစားပြီး ကြီးပြင်းလာတဲ့ သားတို့ရဲ့ ရိုးရှင်းတဲ့ဘဝတစ်ခု...ဖခင်ဖြစ်သူ ကျန်းကော်ဟာ မွေးစားသား ကျန့်ကော်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့ပါတယ်…ကျန့်ကော်ကတော့ ငယ်ချစ် ရှောင်ယွင်ကို လက်ထပ်ခွင့်တောင်းရာမှာ မိန်းကလေးဘက်က ငြင်းပယ်ခံရပြီးနောက် ရှောင်ယွင် မမျှော်လင့်ဘဲ ကွယ်လွန်သွားတဲ့အဖြစ်က သူ့ဘဝကို လုံးဝပြိုလဲသွားစေခဲ့ပါတယ်အိမ်ကနေ ထွက်ခွာပြီး ဘဝသစ်ရှာဖွေဖို့ ကြိုးစားပေမဲ့ အခက်အခဲတွေက ဆက်တိုက်ကြုံတွေ့ရတဲ့အခါ...တစ်ဖက်မှာတော့ ဖခင်ကျန်းကော်ဟာ ရောဂါဝေဒနာနဲ့ ရင်ဆိုင်နေရပေမဲ့လည်း သားရဲ့အနာဂတ်အတွက် စစ်ဘက်မိတ်ဆွေဟောင်းတွေကို အကူအညီတောင်းပြီး လမ်းဖွင့်ပေးနေဆဲပါ…သူ့ရဲ့နောက်ဆုံးအချိန်အထိ တာဝန်သိစိတ်နဲ့ မေတ္တာကို မစွန့်လွှတ်ခဲ့တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်ဘဝရဲ့ အလှည့်အပြောင်းတွေ၊ အချစ်ရေးအဆင်မပြေမှုတွေ၊ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေကြောင့် သားဖြစ်သူရဲ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲလာတဲ့အခါ...ဒီလောကမှာ နားလည်ရအခက်ဆုံးလူက အဖေပဲဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားမိစေမဲ့ မျက်ရည်ဝဲစေတဲ့ family type ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်