Ben-Hur FHD

Ben-Hur

Action Drama History Oscar Movies FHD 1959-11-18 7.8 222 Min

Ben Hur ရုပ်ရှင်သည် ခရစ်တော် ပေါ်ထွန်းခဲ့သည့် ကာလကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟု ကနဦးသတ်မှတ်လို့ရသည်။AD 26ကာလ ။ရောမအင်ပါယာသည် ယင်းခေတ်ကာလတွင် ဥရောပတစ်လွှား၌ ဘုန်းမီးနေလအတောက်ပဆုံး အချိန်အခါဖြစ်သည်။ဘုရင် ဂျူ့လိယက်ဆီးဆာ၏ အောက်ဝယ် စစ်မက်စစ်သွေးတွေပြည့်လျှံနေချိန်ဖြစ်သည်။ထိုအချိန်မျို းမှာ ဂျေရူ့ ဆလင်လို ဆိပ်ကမ်းမြို့တော်လေးအနေဖြင့် ရောမလက်အောက်တွင် သူတို့လိုချင်တာပေး၍ ငြိမ်းချမ်းစွာခိုလှုံ ခြင်းမှတစ်ပါး အခြားမရှိသောကာလဖြစ်ပေသည်။ ဂျူ့ဒက် ဘန်ဟာမှာ ဂျေရုဆလင်က မင်းသားတစ်ပါးဖြစ်သလို ရောမသား မဆန်လာနှင့် သွေးသားရင်းမတော်စပ်သော်ငြား သူ၏အိမ်တော်တွင် မွေးစားညီအစ်ကိုများအဖြစ် ကြီးပြင်းလာခဲ့ကြသည်။တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာကြ၏။ အရွယ်ရောက်လာသောအခါဝယ် မြင်းစီး မြင်းကိုင် ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ကြသည်။ထိုအခါတွင် ရောမသားမဆန်လာက သူ၏နေထိုင်ရမှု နှင့်ပတ်သက်၍ စိတ်အခန့်မသင့်ဖြစ်ရာကနေ ရောမကို ထွက်ခွာသွားတော့သည်။